လှည်းကူးမြို့နယ်တွင် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာ စွာရောင်းချပေး

လှည်းကူး ဧပြီ ၁ 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ရန်ကုန်တိုင်းစစ် ဌာနချုပ် အင်းတိုင်တပ်နယ်မှ အရာရှိ စစ်သည်များ ဦးဆောင်ပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား အခြေခံ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်ရေးအတွက် ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းတွင် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် ဝန်ထမ်းမိသားစုများအနေဖြင့် စားသောက်ကုန်များကို ပြင်ပပေါက်ဈေးထက် သက်သာစွာ ဝယ်ယူနိုင်ရေး အတွက် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် ကြက်သားတစ်ပိဿာ(၅၅၀၀)ကျပ်နှုန်းဖြင့် ၁၀ ပိဿာကိုလည်းကောင်း၊ ဝက်သားတစ်ပိဿာ (၈၅၀၀)ကျပ်နှုန်းဖြင့် ၁၀ ပိဿာလည်းကောင်း၊ ငါးမြစ်ချင်းတစ်ပိဿာ (၃၅၀၀)ကျပ်နှုန်းဖြင့် ၁၀ပိဿာကို လည်ကောင်း၊ ကြက်ဥတစ်လုံး ၁၈၀ ကျပ်နှုန်းဖြင့် (၁၈၀၀)လုံးနှင့် ဟင်းသီး ဟင်းရွက်များတို့အား စျေးနှုန်းသက်သာစွာ ရောင်းချ ပေးပြီး အပတ်စဥ်သောကြာနေ့တိုင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိသည်။

အေးအေးနွဲ့(ပြန်/ဆက်)