မချမ်းဘော့ ဧပြီ ၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသားလူငယ်များ ဗလငါးငါးတန် ဖွံဖြိုးတိုးတက်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အခြေခံအင်္ဂလိပ်စာ (Grammar)အခမဲ့သင်တန်းနှင့်Physical Fitness Dance အခမဲ့သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က သင်တန်းဆင်းအမှာ စကားပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်တာဝန်ခံနည်းပြ (နည်းစနစ်) ဒေါ်ခင်လင်းစိန်က သင်တန်းပို့ချခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းတတ်မြောက်မှု စာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများနှင့် Physical Fitness Dance သင်တန်းတွင် ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆုလက်ဆောင်များ အသီးသီးပေး အပ်ခဲ့ကြသည်။
မချမ်းဘော့မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုး ရေးအတွက် အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်းကို ၁၁-၃-၂၀၂၃ ရက်မှ ၃၁-၃-၂၀၂၃ ရက်နေ့အထိလည်းကောင်း Physical Fitness Dance သင်တန်းကို ၁၅-၃-၂၀၂၃ရက်မှ ၁၉-၃-၂၀၂၃ ရက်နေ့ အထိ လည်းကောင်း အခမဲ့သင်ကြား ပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)