အမြို့မြို့အနယ်နယ်သတင်းများ

Mar 31,2023
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ စမတောင်မဟာပရဟိတတွင် ငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး၊
Mar 31,2023
မွန်ပြည်နယ်၊ သထုံမြို့‌ပေါ်ရှိ ရေအခက်အခဲဖြစ်ရာ နေရာများသို့ အကြင်နာတွဲလက်လူမှုကူညီရေးအသင်းမှ ယနေ့နံနက်က သောက်သုံးရေများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း အသင်းတာဝန်ရှိသူများထံမှ သိရသည်။
Mar 31,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကြံစိုက်ပျိုးမှု (၃၅၀)ဧက စိုက်ပျိုးထားရှိပြီး စျေးကောင်းရရှိနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Mar 31,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၃-၂၀၂၄ ခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီ၌ တစ်မြို့နယ်လုံး နွေစပါးသီးနှံစိုက်ဧက ၂၉၆၁၈ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရကာဒေသခံတောင်သူများက နွေစပါးသီးနှံ လျာထားစိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ယခု မတ်လဆန်းမှစတင်ပြီး မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးသီးနှံကို အားသွန်ခွန်စိုက် ကြိုးပမ်းစိုက်ပျိုး လုပ်ကိုင်လျက်ရှိကြောင်းနှင့် ယနေ့အထိ နွေစပါးသီးနှံ စိုက်ဧက ၁၄၃၂ ဧက စိုက်ပျိုးပြီးစီးသွား ပြီဖြစ်ကြောင်း  ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Mar 31,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ရွာကောက်ရပ်ကွက်ရှိ မင်္ဂလာဗျူဟာသာသနာ့ ဗိမာန်တော်ကြီးအတွင်း၌ ယမန်နေ့မွန်းလွဲပိုင်းက ဆက်လက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 31,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးသုံးစွဲမှုစနစ်တကျရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်အတွင်းရှိ နေအိမ်များအား တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့သည်။
Mar 31,2023
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ကျက်သရေဆောင်(၁၀၈)တောင် မဟာဗောဓိစွယ်တော်ရှင်  စေတီတော်မြတ်ကြီး၏ ပုပ္ပာရုံတန်ဆောင်းတွင် ပြည်လုံးချမ်းသာအောင်တော်မှုတန်ဆောင်း၌ ကိန်းဝပ်စံပါယ်တော်မှုမည့် ကျောက်စိမ်းဗုဒ္ဓရုပ်ပွားဆင်းတုတော်သည်   မတ်(၃၀)ရက်နေ့ နံနက်(၉)နာရီမှ တန်ခူးလပြည့်  (၄.၄.၂၀၂၃)ရက်နေ့ နံနက်(၅)နာရီအထိ ရင်ငွေ့ခိုလှုံလျက်ရှိသည်။