ဓနုဖြူ ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါထောက်ပံ့ကြေးကို မတ်လ (၁)လစာအတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး၊ ဓနုဖြူမြို့နယ်အတွင်းရှိ ကျေးရွာ၊ရပ်ကွက် (၈၁)အုပ်စုမှ ကိုယ်ဝန်ဆောင်မိခင် (၁၅၈၇)ဦး၊ အသက်(၂)နှစ်အောက် ကလေးသူငယ် (၁၄၆၉)ဦး၊ စုစုပေါင်း(၃၀၅၆)ဦးတို့အား တစ်ဦးလျှင် ထောက်ပံ့ပေးအပ်ငွေ(၁၅၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ပေးအပ်ငွေ ကျပ်(၄၅၈၄၀၀၀၀)ကျပ်ကို သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)