မြောင်းမြ ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ် အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး များအား ငွေကြေးထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီ၌ ရွှေသာလျောင်ဘုရားကြီး ဂန္ဓကုဋီတွင် ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြောင်းမြမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် မတ်လအတွက် ကိုယ်ဝန်ဆောင်မိခင် (၂၅၉၆)ဦးနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးငယ် (၂၃၉၃)ဦးတို့အတွက် တစ်ဦးလျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေ (၇၄၄၃၀၀၀၀) ကျပ်အား တာဝန်ရှိသူ အသီးသီးက လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့သည်။
အခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ထောက်ပံ့ကြေး ရရှိသူမိခင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာလင်း(မြောင်းမြ)