သာယာဝတီမြို့နယ်တွင် ကြံစိုက်ပျိုးမှု(၃၅၀)ဧက စိုက်ပျိုးထားရှိပြီးစျေးကောင်းရရှိ

သာယာဝတီ မတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကြံစိုက်ပျိုးမှု (၃၅၀)ဧက စိုက်ပျိုးထားရှိပြီး စျေးကောင်းရရှိနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သာယာဝတီမြို့နယ်အနေဖြင့် သာယာအေးကျေးရွာအုပ်စုတွင် ကြံစိုက်ဧက (၃၅၀)ဧကတွင် K-9584 ကြံမျိုးများကို စိုက်ပျိုးခဲ့​သည်။ ယခုနှစ်တွင် ကြံထွက်တန်ချိန်ကောင်းမွန်စေရန် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်နည်းစနစ်မှန်ကန်စေရေး၊ မြေသြဇာစနစ်တကျ သုံးစွဲ တတ်စေရန် ကွင်းဝန်ထမ်းများနှင့်လိုက်လံ၍ နည်းပညာပေးဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ပျိုး မြေအနေအထားအရ တစ်ဧကလျှင် ကြံတန်ချိန်အထွက်နှုန်းမှာ (၂၅)တန်ထွက်ရှိမှု လျာထား သတ်မှတ်ခဲ့ရာ (၂၈)တန်ထွက်ရှိလာကြောင်း၊ ယခင်နှစ်ကဆိုလျှင် ကြံချောင်းတစ်ချောင်းကို ၃၅၀ကျပ် ၄၀၀ ကျပ်ရရှိခဲ့ပြီး ယခုနှစ်တွင် ၅၀၀ ကျပ်မှ ၆၀၀ ကျပ်အထိ ရရှိကြောင်း၊ သာယာဝတီမြို့နယ်အနေဖြင့် ထွက်ရှိလာသော ကြံများကို ဥက္ကံသကြားစက်နှင့် ဒေသထွက်ကုန် ကြံသကာချက်လုပ်ငန်းများတွင် ယခင်နှစ်ကထက်ပို၍ စျေးကောင်းရရှိကြောင်း၊ စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

သန့်ဇော်(ပြန်/ဆက်)