လောက်ကိုင် မေ ၂၉
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်တွင် လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး(Talk Show) ရိုက်ကူးခြင်းကို လောက်ကိုင်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့မွန်းလွဲပိုင်းအချိန်က ရိုက်ကူးခဲ့သည်။
ထိုသို့ ရိုက်ကူးမှုတွင် လောက်ကိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်မြမြဝင်းက လူကုန်ကူးမှု ပပျောက်ရေးအသိပညာပေးများ၊ အကြောင်းအမျိုးမျိုးကြောင့် လူကုန်ကူးခံရပါ ဆောင်ရွက်ရမည့်အချက်များ၊ လူကုန်ကူးမခံရအောင် ကာကွယ်ရမည့်နည်းလမ်းများ၊ လူကုန်ကူးသည့်ပွဲစားများ အသုံးပြုသည့်နည်းလမ်း၊ လူကုန်ကူးမှုကျူးလွန်ပါက ပြစ်မှု/ပြစ်ဒဏ်များအကြောင်း ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး မြို့နယ်တာဝန်ခံ ဒေါ်ညိုညိုဝင်းက လူကန်ကူးခံရပါက ဆက်သွယ်သတင်းပေးတိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များကို ဆွေးနွေးခဲ့သည်။
အဆိုပါအသိပညာပေး (Talk Show)အား လောက်ကိုင်ခရိုင် ပြည်သူ့စာကြည့်တိုက် Page နှင့် We Love Page တို့တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
ညိုညိုဝင်း (လောက်ကိုင်)