သံတောင်ကြီးဒေသတွင် ရာသီပေါ် သီးနှံဖြစ်သည့် ပေါ်ဦးပေါ်ဖျား မင်းကွတ်သီးများ ဈေးကောင်းရရှိ

သံတောင်ကြီး မေ ၂၉

ကရင်ပြည်နယ်၊  ဘားအံခရိုင် ၊ သံတောင်ကြီးမြို့တွင် ဒေသခံ ပြည်သူများသည်  ဥယျာဉ်ခြံလုပ်ငန်းများဖြစ်သော  နှစ်ရှည်ပင်များကို  အဓိက စိုက်ပျိုးလုပ်ကိုင် လျက်ရှိရာ မင်းကွတ်သီးပင်များကို နှစ်ရှည်ခံပင်များနှင့် တွဲဖက်၍ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။  မင်းကွတ်ပင်များသည် စိုက်ပျိုးပြီး (၁၅)နှစ် ခန့်တွင် အသီးများ စတင်သီးပြီး မိုးဦးကာလဖြစ်သော မေလ မှ သြဂုတ်လအထိ  အသီးသီးကာ အပင်ငယ်တစ်ပင်လျှင် အသီးအလုံးရေ (၁၀၀ မှ ၃၀၀)လုံး အထိ လည်းကောင်း၊ အပင်ကြီး တစ်ပင်လျှင် အသီးအလုံးရေ (၄၀၀ မှ ၈၀၀) လုံးအထိ အသီးရှိကြောင်းနှင့် ယခုနှစ် မေလနောက်ဆုံးပတ်တွင် ပေါ်ဦးပေါ်ဖျား မင်းကွတ် သီးများ ဈေးကောင်းရရှိကြောင်း သိရသည်။

အဆိုပါ ဒေသခံပြည်သူများသည်  မင်းကွမ်းသီးများကို မြို့ပေါ်တွင် ရောင်းချသည်သာမက တောင်ငူမြို့ရှိ သီးနှံအဝယ်ဒိုင်များထံတွင် ရောင်းချလျက်ရှိပြီး အရွယ် အစားပေါ် မူတည်၍ မင်းကွမ်းသီးတစ်လုံးကို ဈေးနှုန်း ကျပ်(၂၀၀)မှ ကျပ် (၃၀၀)အထိ ရရှိကာ မိသားစုအပိုဝင်ငွေ ရရှိကြောင်း မင်းကွတ်သီး စိုက်ပျိုး လုပ်ကိုင်သူ ဒေသခံတောင်သူ ဦးရော်ဘင်ထံက သိရသည်။

နော်နော်မူ