တောင်ငူ မေ ၂၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံက်(၉:၀၀)နာရီအချိန်က အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ ပင်လုံခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားအား အ.ထ.က(၄)မှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်က အဖွင့်မိန့်ခွန်းပြောကြားကာ ခရိုင်ပညာရေးမှူးဒေါက်တာနော်ဥမ္မာထွန်းက ကျောင်းအပ်နှံရေးဆိုင်ရာလုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများနှင့် အလှူငွေများကိုပေးအပ်ကြပြီး ဘတ်စုံထူးချွန်လူရည်ချွန်များအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တောင်ငူမြို့နယ်မှ လူရည်ချွန်အဖြစ် (၂)ကြိမ်ရွေးချယ်ခံရသော မောင်ရဲသူရိန်အောင်က လူရည်ချွန်အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းနှင့် အထက-၄ မှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)