တာချီလိတ် မေ ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ အတည်ပြုပြီးဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် ၏၂၀၂၃-၂၀၂၄ ဘဏ္ဌာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို မေ ၂၉ ရက် နံနက်ပိုင်းက တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးနိုင်က ၂၀၂၃-၂၀၂၄ ဘဏ္ဌာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့်တာဝန်ရှိသူတို့က သက်ဆိုင်ရာဌာနများသို့ ၂၀၂၃-၂၀၂၄ ဘဏ္ဌာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်သည်။
တာချီလိတ်ခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဌာရေးနှစ်တွင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင် မှုမှာ ငွေကျပ် ၂၂၅၀၂၂ . ၅၀ သန်းဖြစ်ပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဌာရေးနှစ်တွင် ဒေသန္တရစီမံကိန်း လျာထားချက်မှာ ငွေကျပ် ၂၄၅၂၈၆.၇၀ သန်းဖြစ်၍ ယခင်နှစ်ထက်(၉)ရာခိုင်နှုန်း ပိုမိုအကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်(တာချီလိတ်)