ကော့သောင်းမြို့တွင် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ကော့သောင်း  မေ ၂၉

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်၏တန်ဖိုးကို အလေးထားနားလည်ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကိုဖော်ဆောင်ပေးရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်၊ အရိပ်အာဝါသနှင့် မျက်စိပသာဒရှိစေရန်၊ ရာသီဥတုကောင်းမွန်မျှတ၍ အပူဒဏ်ကာကွယ်ရန်ရည်ရွယ် ၍ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈နာရီက ကော့သောင်းမြို့  ရွှေပြည်စိုးကျေးရွာ၊ ခုနစ်မိုင်  ဂေါက်ကလပ်ကွင်းတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ စစ်ဗျူ ဟာမှူးစစ်ဗျူဟာအဖွဲ့(အခြေချ)ကော့သောင်း၊ကော့သောင်းခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာအကြီးအကဲများ  သစ်တောဦးစီးဌာနဝန်ထမ်းများ၊  NGO အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ရပ်/ကျေးပြည်သူများတက်ရောက်စိုက်ပျိုးခဲ့ကြသည်။

အစီအစဉ်အရ   အခမ်းအနားစတင်ကြေညာပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက ခရိုင်/မြို့နယ် ပညာရေးမှူးများအားလည်းကောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီအသင်းအားလည်းကောင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်အမျိုး သမီးရေးရာအဖွဲ့တို့မှ ကိုယ်စားလှယ်များ အားလည်းကောင်း ပျိုးပင်များ ဖြန့်ဝေပေးအပ်ခဲ့သည်။

ယင်းနောက်ဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ခရိုင်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ NGOအဖွဲ့ဝင်များ၊ ရပ်ကွက်ပြည်သူများက သတ်မှတ်ထားသည့်နေရာများတွင် တစ်ပြိုင်နက်စုပေါင်းစိုက်ပျိုးခဲ့ကြပြီး  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့မှ တပျော်တပါး စုပေါင်းသစ်ပင်စိုက်ပျိုးမှုအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။

အဆိုပါ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတွင် မဟော်ဂနီ(၂၂၀)ပင်၊ ပျဉ်းကတိုး(၂၂၀)ပင်၊မန်ဂျန်ရှား (၁၁၀)ပင်၊ စုစုပေါင်းသစ်မျိုး(၃)မျိုးသစ်ပင်ပေါင်း(၅၅၀)ပင်တို့အား ကော့သောင်းမြို့ ရွှေပြည်စိုးကျေးရွာ၊ ခုနစ်မိုင်ဂေါက်ကလပ်ကွင်းဝန်းကျင် စိမ်းလန်းစိုပြေရေးစုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)