အမြို့မြို့အနယ်နယ်သတင်းများ

May 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန် လျှော့ချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈း၃၀ အချိန်က  ကျောင်းကွင်း ကျေးရွာအုပ်စုရှိ တောင်မြန်အောင် တိုးချဲ့သစ်တောကြိုးဝိုင်း အကွက်အမှတ်(၂၁)၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၆၅/၄)အနီးတွင်၌ ကျင်းပခဲ့သည်။
May 29,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ သူကောင်းတည်မြစ်ရေတင်ရေဖြင့် စိုက်ပျိုးထားသည့် နွေစပါးစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းနေကာ ရိတ်သိမ်းချိန် ဈေးနှုန်းကောင်းရရန် မျှော်လင့်နေကြောင်း နွေစပါးစိုက်ပျိုးတောင်သူများထံကသိရသည်။
May 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ မကြာမီဖွင့်လှစ်တော့မည်ဖြစ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့်ကျောင်းသားမိဘများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြောင်း သိရသည်။
May 29,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
May 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးရှိ ပညာရတနာ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းနှင့် PTTEP International Limited (Yangon Branch) တို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက် အကူပြု " အလှပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ (၂၉)ရက်နေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်ကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်သည်။
May 29,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ နမ္မဒါဘိုးဘွားရိပ်သာဝင်းအတွင်း၌ ဆုတောင်းပြည့်နဂါးရုံဘုရား တည်ထားကိုးကွယ်ရန် ရတနာအုတ်မြစ်တော်ချခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်အချိန်က အဆိုပါရိပ်သာ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
May 29,2023
မန္တ​လေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၌  မျိုးဆက်သစ် လူငယ်မောင်မယ်များနှင့် ကျောင်းသား၊ကျောင်းသူများ ဗုဒ္ဓအဆုံးအမ တရားတော်များနှင့်အညီ ယဉ်ကျေးလိမ္မာစွာ ပြုမူပြောဆိုနေထိုင်တတ်စေရန်ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်  တတိယအကြိမ်အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဆိပ်ကမ်းရပ်ကွက် "ရွှေဝါဝင်း"ခန်းမ၌ ကျင်းပခဲ့သည်။