အမြို့မြို့အနယ်နယ်သတင်းများ

May 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင်ကျောက်တန်းမြို့ ၊မြို့မ အခြေခံပညာအလယ်တန်းကျောင်း ရွှေသံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အထက-၂ ကျောင်း ပညာ့ဗိမာန်ခန်းမတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်း အနားကို ယနေ့ နံနက် ၉ နာရီတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
May 29,2023
ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက  ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ကျောက်ဖြူမြို့မှ ဒေသခံပြည်သူများအား စေတီယျရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးခန်းတွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား  သွားရောက်ကြည့်ရှုပြီး အားပေးစကား ပြောကြားခဲ့သည်။
May 29,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း လေဘေးသင့်ခဲ့သော အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့အား ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရာက်ကြသည်။
May 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ‌မြောင်းမြမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် (၁၁) နာရီအချိန်က မြောင်းမြမြို့၊ အ.ထ.က (၁) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 29,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ဘန်ရူခန်းမ၌ ကျင်းပခဲ့ကြောင်းသိရ သည်။
May 29,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် လမ်းသွားလမ်းလာပြည်သူများကို ကိုဗစ်-၁၉ရောဂါနှင့် ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးကွဲ XBB.1.16 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask Campaign) ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ဝင်လမ်းဆုံနေရာ၌ ပြုလုပ်ခဲ့ကြသည်။
May 29,2023
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးနိုင်ရန်အတွက် မြို့မပျိုး ဉယျာဉ်တွင် သစ်မျိုးရှစ်မျိုးဖြင့် သစ်ပျိုးပင်ပေါင်း ငါးသောင်းကျော် ပျိုးထောင်ထားရှိပြီး ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော် နှင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ လူထုများထံသို့ ဖြန့်ဝေစိုက်ပျိုးသွား မည်ဖြစ်ကြောင်း သိရသည်။