အမြို့မြို့အနယ်နယ်သတင်းများ

May 31,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြင့် ပြန်လည်တူးဖော်ခြင်းနှင့် ရေလယ်ဘုရားကျောင်းဆောင် မင်္ဂလာပန္နက်တော်တင်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါနေရာရှိ ယာယီမဏ္ဍပ်၌ ကျင်းပရာ ကန်နားကျောင်းတိုက် ဆရာတော် ဦးဣန္ဒက မထေရ်မြတ်အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတန်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများ တက်ရောက်သည်။
May 31,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီခန့်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပရာ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာ‌ရေးမှူး၊ ဒုတိယမြို့နယ်ပညာ‌ရေးမှူး၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
May 31,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဒေသခံပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် စံပြကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။
May 31,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံ‌ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဖားကန့်မြို့ အခြေခံပညာ အထက်တန်းကျောင်း ဥရုရတနာခန်းမဆောင်၌ ကျင်းပသည်။
May 31,2023
မွန်ပြည်နယ်အနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၃ခုနှစ် ရေဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို မေလ ၃၁ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ မန္တလေးရပ်ကွက် တရားလွှတ်တော်ဆိပ် (တရားလွှတ်တော်ရုံးအနီး)၌ ကျင်းပရာ
May 31,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယမန်နေ့ နံနက် ၈နာရီအချိန်က ဆေးလိပ်ငွေ့ကင်းစင် ပုဂံ‌ ရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခွင် အသိပညာပေး ရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
May 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်တွင် KG၊ G1၊ G4 တက်မည့်ကလေးများနှင့် ကျောင်းပြောင်းကလေးများအား ကျောင်းအပ်နှံပေးလျက်ရှိကြောင်း သိရသည်။