မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း-ရေဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ တက်ရောက်

မော်လမြိုင် မေ ၃၁

ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ မွန်ပြည်နယ်အနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၃ခုနှစ် ရေဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို မေလ ၃၁ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ မန္တလေးရပ်ကွက် တရားလွှတ်တော်ဆိပ် (တရားလွှတ်တော်ရုံးအနီး)၌ ကျင်းပရာများ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းတွင် ပါဝင်သော ဌာနဆိုင်ရာတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်သည်။

ရှေးဦးစွာ ရေဘေးကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းစတင်ဆောင်ရွက်ရာ ရေဘေးအတွက် နှိုးဆော်သတိပေးခြင်း၊ ရေဘေးကျရောက်နိုင်သော ဒေသများရှိ နေထိုင်သူများအား ရွှေ့ပြောင်းခြင်း၊ရေစီးနှင့်အတူ မျှောလာသူများကို ကယ်ဆယ်ခြင်း၊ ရေဘေးသင့်နေရာများ၌ လှည့်လည်စစ်ဆေးဆောင်ရွက်ခြင်းနှင့် ယာယီကယ်ဆယ်ရေးစခန်းတွင် ဆေးဝါးကုသမှုနှင့် စားရေးရိက္ခာများ ဝေငှပြီး ထိခိုက်ဒဏ်ရာရရှိသူများအား ရှေးဦးသူနာပြုစုခြင်းနှင့် ဆေးရုံ/ ဆေးခန်းများသို့ ပို့ဆောင်ပေးခြင်း ဇာတ်တိုက်လေ့ကျင့်နေမှုများကို  ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်က ယနေ့ပြုလုပ်သော ရေဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာလျော့ပါးရေး လုပ်ငန်းတစ်ခု ဖြစ်ပြီး ပြည်သူများ သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်တွေ့ကြုံလာပါက ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးအနေဖြင့် ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများ ပိုမိုအားကောင်းစေရန် လုပ်ဆောင်သော လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေအညွှန်းကိန်း (၂၀၂၁)Global Climate Risk Index ၏ ၂၀၀၀ပြည့်နှစ်မှ ၂၀၁၉ခုနှစ်အထိ လေ့လာတွေ့ရှိမှုအရ ရာသီဥတုပြောင်းလဲမှု ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေတွင် ပွာတိုရီကိုနိုင်ငံ ၊ မြန်မာနိုင်ငံ နှင့် ဟေတီနိုင်ငံ တို့ဟာ အစဉ်လိုက် ဆုံးရှုံးနိုင်ခြေအမြင့်ဆုံးအဖြစ် သတ်မှတ်ခံထားရကာ မြန်မာနိုင်ငံဟာ အာရှတိုက်၏ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု အမြင့်ဆုံး(၅)နိုင်ငံတွင်လည်း ပါဝင်ပါကြောင်း၊ ဘေးအန္တရာယ်အားလုံးရဲ့ (၉၀) ရာခိုင်နှုန်းကျော်ဟာ ရေနဲ့ ဆက်စပ်နေပါကြောင်း မြန်မာနိုင်ငံဟာဆိုရင်ဖြင့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းစသော မြစ်ကြီးများ၊ မြစ်ငယ်များ၊ ချောင်းငယ်များ များစွာဖြင့် ဖွဲ့စည်းတည်ရှိနေသော နိုင်ငံဖြစ်သည့် အားလျော်စွာ ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလေ့ရှိကြောင်း၊ ရေဘေးအန္တရာယ်ဖြစ်ပွား ရသည့်အကြောင်းအနေဖြင့် မြစ်ရေကြီးခြင်း၊ ဆည်ရေလျှံခြင်း၊ ရေကာတာ ကျိုးပေါက်ခြင်း၊ တောင်ကျရေနှင့် လျှပ်တပြက်ရေကြီးခြင်း၊ မုန်တိုင်းဒီရေ တက်ခြင်းတို့ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုသည့်အတိုင်း သဘာဝအလျောက် ဖြစ်ပေါ်နေသော အခြေအနေအား ရင်ဆိုင်တုံ့ပြန်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်ခြင်း၊ လျော့ပါးသက်သာစေခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းများကို လုပ်ဆောင်ရမှာဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်တွေ့ကြုံ ခံစားရမည်ဆိုပါက ဘေးအန္တရာယ်ဖြစ်ပေါ်သည့်နေရာတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် ဦးစွာရင်ဆိုင်တွေ့ကြုံရမှာဖြစ်ကြောင်း ဘေးအန္တရာယ်မှ ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်၏ ထိခိုက်ဆုံးရှုံးမှုအားလျော့နည်း သက်သာစေရန်အတွက် လူတိုင်းလူတိုင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ၊ ဆောင်ရန်/ရှောင်ရန်များကို ကြိုတင်သိရှိနေရန် လိုအပ်ကြောင်း ဒါ့အပြင် သဘာဝဘေးများ၏ သက်ရောက်မှုကိုလည်း သိရှိရန်လိုအပ်သလို နောက်ဆက်တွဲ ဖြစ်ပွားနိုင်မှုကိုလည်း ကြိုတင်သိရှိသဘောပေါက် နားလည်စေရန်လိုအပ်ကြောင်း၊ ဒါ့ကြောင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို ပိုမိုအားကောင်းစေသော ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယခုကဲ့သို့ ဌာနဆိုင်ရာများနှင့် ပြည်သူများ ပူပေါင်းကာပြုလုပ်ခြင်းကို အထူပင်ဝမ်းမြောက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ရေဘေးကယ်ဆယ်ရေးဇာတ်တိုက် သရုပ်ပြအဖွဲ့ဝင်များအား၊ ပြည်နယ် ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေ  ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ ဆက်)