ဝါးခယ်မ မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်တွင် KG၊ G1၊ G4 တက်မည့်ကလေးများနှင့် ကျောင်းပြောင်းကလေးများအား ကျောင်းအပ်နှံပေးလျက်ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ ဝါးခယ်မမြို့၊ လှေကျင်းရပ်ကွက်၊ မူလွန်(လှေကျင်း)တွင် ရပ်ကွက်အတွင်းရှိ KG တန်းစတက်မည့် ကလေးများ၊ G1 ကျောင်းပြောင်းကလေးများ၊ G4 ကျောင်းပြောင်းကလေးများအား ရပ်ကွက်အတွင်း လိုက်လံစည်းရုံး၍ ကျောင်းအပ်နှံပေးခဲ့ပြီး ကျောင်းများ၌ လိုအပ်သော စာသင်ခုံများအား ဖြည့်စည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)