ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း အ.ထ.ကကျောင်းဝန်းအတွင်းရှိ စက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေးအသက်မွေးသင်တန်းကျောင်း ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ကျောင်းအပ်နှံထားရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် မေ ၃၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့၊ အ.ထ.ကကျောင်းဝန်းအတွင်းရှိ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအသက်မွေးသင်တန်းကျောင်း ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ကျောင်းသား/ သူများ ကျောင်းအပ်နှံထားရှိမှုအခြေအနေများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးအသက်မွေးသင်တန်းကျောင်း  ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ကျောင်းသား/ သူများ ကျောင်းအပ်နှံထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ထပ်မံဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ကျောင်းသား/ သူများ၊ ဆရာ/ ဆရာမများ၏ သင်ကြားမှုဆိုင်ရာလိုအပ်ချုပ်များ၊ တည်းခိုနေထိုင်နိုင်ရေးကိစ္စရပ်များအပေါ် သက်ဆိုင်ဌာနများနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုမင်း (ပြန်/ ဆက်)