ညောင်ဦး မေ ၃၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယမန်နေ့ နံနက် ၈နာရီအချိန်က ဆေးလိပ်ငွေ့ကင်းစင် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခွင် အသိပညာပေး ရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဆေးလိပ်ငွေ့ကင်းစင်ကြီးကြပ်ရေး နာယက၊ ညောင်ဦးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်မှ အဖွင့်အမှာစကား ပြောကြားသည်။ ပြီးနောက် ပြည် သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ အပါအဝင် မြန်မာတစ်နိုင်ငံလုံး ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ ထူထောင်ခြင်းအား တင်ပြကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲ၊ နေပြည်တော်မှ ဒေါက်တာဝတ်ရည်လွင် (လက်ထောက်ညွှန်ကြားရေးမှူး) က Smoke Free Implementation in Myanmar အား ဆွေးနွေးတင်ပြပြီး ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ သိန်းဆွေက ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်း တိုးတက်မှုများအား တင်ပြသည်။ ဆက်လက်၍ ပြည်သူ့ဖောင်ဒေးရှင်းအဖွဲ့ဝင် ဒေါက်တာသိန်းထွန်းက ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်း တိုးတက်မှုအား တင်ပြဆွေးနွေးသည်။ ပြီးနောက် ဆေးလိပ်ငွေ့ကင်းစင်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးညီမွန်းက ပုဂံဒေသဆေး လိပ်ငွေ့ကင်းစင်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြကာ ညောင်ဦးခရိုင် ကျန်းမာရေးဦးစီးဌာနမှ ဒေါက် တာလှမျိုးနိုင်က ပုဂံရှေးဟောင်းဒေသ ဆေးလိပ် ငွေ့ကင်းစင်ရေး ပြည်သူ့ကျန်းမာရေဌာနမှ ဒေါက်တာလှမျိုးနိုင်က ပုဂံဒေသဆေးလိပ်ငွေ့ကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍများကို Power Point ဖြင့် တင်ပြ ဆွေးနွေးသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခွင် ဆေးလိပ်ငွေ့ကင်းစင်စေရန် စတင်အကောင်အထည်ဖော်ခဲ့သည့် ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ (၂၉)ရက်မှ(၃၀)ရက်နေ့အထိ မန္တလေးမြို့ ရွှေနိုင်ငံဟိုတယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဆေးလိပ်ငွေ့ ကင်းစင်ရေး စီမံချက်လုပ်ငန်းသုံးသပ်ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း ၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်မှ(၁၆)ရက်နေ့ထိ ညောင်ဦးမြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊၌ ဆေးလိပ်ငွေ့ကင်းစင် အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ကာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဆေးလိပ်ငွေ့ကင်းစင်နေရာ(၄၈)နေရာ၊ ၂၀၁၉ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် ဒုတိယအကြိမ် ဆေးလိပ်ငွေ့ကင်းစင်ရေး ဒုတိယအကြိမ်အလုပ်ရုံဆွေး နွေးပွဲထပ်မံကျင်းပခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့တွင် ဆေးလိပ်ငွေ့ ကင်းစင် (၅၆)နေရာ၊ ၂၀၁၉ ခုနှစ် အောက်တိုဘာ (၃)ရက်မှ (၄) ရက်နေ့ထိ မင်္ဂလာသီရိ ဟိုတယ်၌ နေပြည်တော် ဆေးလိပ်ငွေ့ကင်းစင် အလုပ်ရုံဆွေးနွေးပွဲ ထပ်မံကျင်းပခဲ့ကြောင်း မေ ၃၀ ရက်နေ့ထိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ဆေးလိပ်ငွေ့ကင်းစင်နေရာ (၁၀၂)နေရာထိ သတ်မှတ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဆေးလိပ်ငွေ့ကင်းစင် ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသတစ်ခွင် အသိပညာပေးရှင်းလင်းပွဲသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဦးကျော်မျိုးဝင်း (ညွှန် ကြားရေးမှူး)နှင့်ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်နှင့် အဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပုဂံ-ညောင်ဦး ဒေသခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း