ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မင်္ဂလာအခမ်းအနား ကျင်းပ

ရန်ကုန်  ဇွန်  

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဒုတိယကမ္ဘာစစ်အပြီး ပြန်လည် တည်ထားကိုးကွယ်ခြင်း(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မင်္ဂလာအခမ်းအနားကိုယမန်နေ့ နံနက် နာရီတွင်စတင်ကျင်းပရာ ဗုဒ္ဓပူဇာအဖြစ် စေတီတော်မြတ်ကြီးအားဆံတော်တိုက်ပတ်လည်တွင် သံဃာတော် (၆၅)ပါး၊ (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ်အဖြစ် လှူဒါန်းပူဇော်သည့် မြတ်စွာဘုရားဆင်းတုတော်ရှေ့တွင် သံဃာတော် (၅)ပါး၊ ဓမ္မဧကြာတရားဟောကြားသည့် မြတ်စွာဘုရားဆင်းတုတော်ရှေ့တွင် သံဃာတော် (၅)ပါး၊ စုစုပေါင်း သံဃာ တော် (၇၅)ပါးဖြင့် အနေကဇာတင်လှူ ပူဇော်ကြသည်။

ဆက်လက်၍ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော် ဦးစေတီတော်ဒုတိယကမ္ဘာစစ်အပြီး ပြန်လည်တည်ထားကိုးကွယ်ခြင်း (၇၅) နှစ် မြောက် စိန်ရတုအထိမ်းအမှတ်အခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခြင်းအခမ်းအနားကို  နံနက် ၇ နာရီခွဲ အချိန်တွင် တိုးချဲ့ဓမ္မရင်ပြင်ရင်ပြင်၌ ကျင်းပပြုလုပ်ရာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားသို့ရန်ကုန်တိုင်းစစ်ဌာနချုပ်၊တိုင်းမှူး၊ဗိုလ်ချုပ်ဇော်ဟိန်း၊ဗိုလ်ချုပ်ထိန်ဝင်း၊ဌာနချုပ်မှူး(အလယ်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်)၊ ဗိုလ်မှူးချုပ် အေးမင်းထွေး၊ ဌာနချုပ်မှူး (ဧရာဝတီ ရေတပ်စခန်းဌာနချုပ်)၊ ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင် (ဒုတိယတိုင်းမှူး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်)၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးဝန်ကြီး၊ ဦးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးရဲမှူးချုပ်မျိုးမင်းထိုက်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီး ဦးအောင်ဝင်းသိန်း၊ (အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်နှင့် (ရွှေသံလွင် ကုမ္ပဏီလီမိတက်၊ နာယက ဒေါက်တာ ဒေါ်နီနီ တို့မှ ဖဲကြိုး ဖြတ်၍ ဖွင့်လှစ်ခဲ့သည်။

ယင်းနောက်(၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အဖြစ် ပူဇော်မည့် မြတ်စွာဘုရား ဆင်းတုတော်နှင့် ဘုရားလောင်းဖွားမြင်ခြင်းရုပ်တု၏ ကမ္ဗည်းကျောက်စာအား စက်ခလုတ်နှိပ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းမှ (၇၅) နှစ် မြောက် စိန်ရတုအထိမ်းအမှတ်အဖြစ် ပူဇော်ထားသော မြတ်စွာဘုရား ဆင်းတုတော်နှင့် ဘုရားလောင်း ဖွားမြင်ခြင်းရုပ်တု၊ ကမ္ဗည်းကျောက်စာ (၂)ခုအား စက်ခလုတ်နှိပ်ဖွင့်လှစ်ခဲ့ပြီးမြတ်စွာ ဘုရားဆင်းတုတော်နှင့် ဘုရားလောင်းဖွားမြင်ခြင်းရုပ်တု၊ ကမ္ဗည်းကျောက်စာတို့အား အမွှေးနံ့သာဖြင့် ပက်ဖြန်းခဲ့ပြီး တက်ရောက်လာကြသောဌာနဆိုင်ရာ တာဝန်ရှိသူများက၊ ကမ္ဗည်းကျောက်စာ အား အမွှေးနံ့သာရေဖြင့် ပက်ဖြန်းပူဇော်ကြသည်။

ဆက်လက်၍ နန်းဦးဘုရားကြီးတန်ဆောင်း၌ ဒုတိယကမ္ဘာစစ်အပြီး ပြန်လည်တည်ထားကိုးကွယ်ခြင်း(၇၅)နှစ်မြောက် စိန်ရတုအထိမ်း အမှတ်အဖြစ် ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊သံဃပူဇာ၊ ရေစက်ချမင်္ဂလာအခမ်းအနား အခမ်းအနားကို "နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ၍ ဖွင့်လှစ်ခဲ့ပြီး အမျိုးသား၊ ယဉ်ကျေးမှုအနုပညာတက္ကသိုလ် (ရန်ကုန်)၊ တေးသံရှင် မခိုင်ဇင်ရွှေမှ မြတ်စွာဘုရားရှင်အား ပူဇော်သော ထူးမခြားနား ရောင်ခြည်တော်ဘွဲ့" သီချင်း (၃)ပိုဒ်ဖြင့် သီဆို ပူဇော်ပါသည်။

ယင်းနောက် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ စေတီတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တသုန္ဒရ ဆရာတော် အရှင်သူမြတ်ထံမှ ပရိသတ်များက (၉)ပါးသီလခံယူဆောက်တည်ခြင်း၊ . ဆရာတော် အရှင်သူမြတ်များမှ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် ချီးမြှင့်ပေးပြီးဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဩဝါဒါစရိယ ဆရာတော် ဒေါက်တာဘဒ္ဒန္တ အဂ္ဂသာမိ ဆရာတော်ကြီးမှ မုဒိတာစကားမိန့်ကြားချီးမြှင့်ခဲ့သည်။

ထို့နောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးအောင်မြတ်မှ ဒုတိယကမ္ဘာစစ်အပြီး ပြန်လည်တည်ထားကိုးကွယ်ခြင်း (၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ တင်ပြလျှောက်ထား၍  အင်္ဂလိပ်ဘာသာပြန်ပိဋကတ် သုံးပုံအားလှူဒါန်းခြင်းကို (သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ် ဒုတိယပါ မောက္ခချုပ်(စီမံ) ဦးစိန်မော်အား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ဘာသာပြန် ပိဋကတ်သုံးပုံ (၅)စုံ လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဆရာတော်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းပြီး  အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တစန္ဒိမာဘိဝံသဆရာတော်အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေပြီး  အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

ယင်နောက်အခမ်းအနားသို့ ကြွရောက်လာသောဆရာတော်သံဃာတော် (၇၅)ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခြင်းနှင့် ဆရာတော်သံဃာတော်(၇၅)ပါးအား ရွှေသံလွင်ကုမ္ပဏီ လီမိတက် မိသားစုမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)