သရက်ချောင်းမြို့နယ်တွင် မိုးသီးနှံများ GAP နည်းပညာပေး ရက်တိုသင်တန်းဖွင့်လှစ်

သရက်ချောင်း   ဇွန်  

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက မိုးသီးနှံ စနစ်တကျ စိုက်ပျိုးနိုင်ရန် GAP နည်းပညာပေး ရက်တိုသင်တန်းကို ယနေ့နံနက် ၈ နာရီခွဲ အချိန်က အဆိုပါဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းတွင် သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက မိုးသီးနှံများ GAP နည်းပညာပေး ရက်တိုသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ တောင်သူများအား ရှင်းလင်းပြောကြားခြင်း၊ မိုးသီးနှံများစိုက်ပျိုးသည့်တောင်သူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ မြန်မာ GAP တွင် ပါဝင်သည့် ကဏ္ဍများ၊ အစားအစာအန္တရာယ် ကင်းရှင်းရေးကဏ္ဍ၊ အသီးအနှံများ၏ အရည်အသွေးကဏ္ဍနှင့် ထုတ်လုပ်မှု ကွင်းဆက်များအကြောင်း၊ တောင်သူများ GAP သင်တန်း တက်ရောက်ရာမှ ရရှိသည့် အကျိုးကျေးဇူးများ၊ သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းပညာများအကြောင်း စသည့် စိုက်ပျိုးရေး နည်းပညာများကို တောင်သူများနှင့် အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ပြီး အဆိုပါ သင်တန်းကို တောင်သူ (၃၀) ဦး တို့ဖြင့် ဇွန်လ ၅ ရက်နေ့မှ ၆ ရက်နေ့ထိ (၂)ရက်တိုင်တိုင် ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းထံမှ သတင်းရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)