သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

သာပေါင်း ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား First Booster Sinopharm (၁၀၁)ဦး၊ Second Booster Sinopharm (၁၃၆)ဦး၊ Third Booster Sinopharm (၁၈၈)ဦးတို့ကို Sinopharm ထပ်ဆောင်း ထိုးနှံနိုင်ခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှု ဖြင့် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန် အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီလ၂၄ ရက်နေ့တွင် ကျန်းမာရေးဌာနမှ ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအား Second booster(၃၂)ဦး၊ Third booster(၁၈)ဦး၊ ဧပြီလ ၂၆ ရက်နေ့က First booster(၈၃)ဦး၊ Second booster(၃၂၁)ဦး၊ Third booster(၁၆)ဦး၊ မေလ ၁ ရက်နေ့တွင် First booster(၈၄)ဦး၊ Second booster(၂၅၆)ဦး၊ မေလ ၄ ရက်နေ့က First booster(၁၈)ဦး၊ Second booster(၄၅)ဦး၊ Third booster(၆၂)ဦး၊ မေလ ၅ ရက်နေ့ First booster(၁၆)ဦး၊ Second booster(၆၂)ဦး၊ Third booster(၈၇)ဦး၊ မေလ ၁၆ ရက်နေ့ (၂)ဦး၊ Third Booster(၁၁၃)ဦး၊ မေလ ၂၅ ရက်နေ့တွင် First booster(၂)ဦး Second booster(၂)ဦး၊ Third booster(၄၁)ဦး၊ မေလ၂၉ ရက်နေ့တွင် First Booster Sinopharm (၃)ဦး၊ Second Booster Sinopharm(၁၅)ဦး၊ Third Booster Sinopharm(၅၂)ဦး၊ မေလ ၃၀ ရက်နေ့ Third Booster Sinopharm(၁၅)ဦး၊ ယနေ့ ဇွန်လ ၅ ရက်နေ့တွင် First Booster Sinopharm(၁၀၁)ဦး၊ Second Booster Sinopharm(၁၃၆)ဦး၊ Third Booster Sinopharm(၁၈၈)ဦး ပေါင်း(၁၇၇၀)ဦးတို့ကို (Sinopharm)ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခဲ့ကြပြီး ကျန်ရှိ ပြည်သူများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူကလေးများအား သတ်မှတ်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်