ကလေးဝမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားပြုလုပ်

ကလေးဝ ဇွန် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးတွင် ဇွန်လ ၅ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်းသိရှိရသည်။

အခမ်းအနားကို မြို့နယ်စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးရာဇာဝင်းက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ဆောင်ပုဒ်နှင့် အဓိပ္ပါယ်တို့ကို ရှင်းလင်းပြောပြကာပလတ်စတစ် ညစ်ညမ်းမှု၏အန္တရာယ်များနှင့် လျော့ချရေးနည်းလမ်းများကို ဗဟုသုရရှိစေရန်ပရိုဂျက်တာဖြင့် ရှင်းလင်းပြောပြခဲ့ပြီး လက်ကမ်းစာ​စောင်များကိုပေးဝေခဲ့ကြောင်း သိရှိရသည်။

သက်ဟန် (ကလေးဝ)