စဉ့်ကိုင်မြို့နယ်တွင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

စဉ့်ကိုင် ဇွန်  ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာတို့ ပူးပေါင်း၍ စာရေးဆရာမတင်တင်၀င်း (စာပေဗိမာန်)၏အမျိုးသမီးများ ကဏ္ဍဖွံ့ဖြိုးရေး စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂) နာရီက လူထုအခြေပြုဗဟိုဌာန(Community   Centre) ခန်းမတွင် ဆွေးနွေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်၀င်း၀င်းသန်းက စာဖတ်ဝိုင်းများကျင်းပရခြင်းနှင့် ယနေ့ခေတ်ပညာရေး၊ စီးပွားရေးစသည့် နယ်ပယ်အသီးသီးတွင် အမျိုးသမီးများပါ၀င်လာကြောင်း၊ အမျိုးသမီးများအတွက်လုပ်ငန်းခွင် လုံခြုံစိတ်ချရမှုရှိရေးသည် အလွန်အရေးကြီးကြောင်းနှင့် အမျိုးသမီးအခွင့်အရေးနှင့်  ပတ်သက်၍  အသိပညာဗဟုသုတရရှိစေရေး သင်တန်း ပေးခြင်းများ ဆောင်ရွက်သင့်ကြောင်းဆွေးနွေးခဲ့ပြီးဒေါ်ခင်စန်း၊ Woman Club (ဥက္ကဋ္ဌ)မြန်မာနိုင်ငံအပါအ၀င်ကမ္ဘာ့နိုင်ငံများမှ ထူးချွန်ထက်မြက်သည့်အမျိုးသမီးများအကြောင်း၊  သဘာ၀ကပေးထားသည့် တာ၀န်များကို ကျေပွန်အောင်ထမ်းရွက်ကြသည့် မိခင်စိတ်နှလုံးသားများကြောင့် တန်ဖိုးရှိလာပြီး မိမိအတ္တထက် ပရအကျိုးကိုထမ်းဆောင်နိုင်ခဲ့ကြသည့် အမျိုးသမီးများလည်းရှိပါကြောင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဒေါ်နွယ်နွယ်စိုးက အမျိုးသမီးရေးရာအဖွဲ့၀င်က ကမ္ဘာပေါ်တွင် အမျိုးသမီးဦးရေသည် ၂၀ ရာစုခန့်မှစတင်၍ မြင့်တက်လာပြီး  အမျိုးသမီးများ၏  အခွင့်အရေး၊ ကျား/မတန်းတူညီမျှရေး ဆိုင်ရာတောင်းဆိုမှုများ မြင့်တက်လာကြောင်း၊ မိသားစုအကျိုး ၊လူမှုအဖွဲ့အစည်းအကျိုးများတွင် အမျိုးသမီးများသည် အဓိကကဏ္ဍမှ ပါ၀င်နေကြောင်းနှင့် နှစ်စဉ်နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားများ ကျင်းပနေခြင်းဖြစ်ကြောင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများကလည်း အသီးသီးဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ကျော့မူယာမောင်