မြိတ် ဇွန် ၅
၂၀၂၃နှစ် ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းနေ့ အထိမ်းအမှတ်အခမ်းအနားကို ကမ္ဘာ့တစ်ဝှမ်း နေရာဒေသအသီးသီးတွင် “ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ကြပါစို.” “Solutions to Plastic Pollution” ဆောင်ပုဒ်ဖြင့် အခမ်းအနားများကို ကျင်းပလျက်ရှိကြရာ မြိတ်မြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ Green Eyes Hotel ခန်းမတွင် အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့သည်။
“ပလတ်စတစ်ညစ်ညမ်းမှု အန္တရာယ်သည် ကမ္ဘာတစ်ဝှမ်းရှိ အသိုက်အဝန်းအားလုံးကို သက်ရောက်မှုရှိသော သိသာမြင်သာသော ခြိမ်း ခြောက်မှုတစ်ခုဖြစ်ပြီး” ပလတ်စတစ်ကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို လျစ်လျူရှု၍မရသလို တစ်ပြိုင်နက်တည်းမှာပင် မှန်ကန်ခိုင်မာပြီး ထိရောက်စေသည့် အဖြေများရှာဖွေရန် လိုအပ်သည့်အတွက် ပလတ် စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ရာတွင် အကောင်းဆုံး နည်းများကို ဝိုင်းဝန်းအဖြေရှာရန်၊ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် အစိုးရများနှင့် စီးပွား ရေးလုပ်ငန်းရှင်များမှ အရပ်ဖက်အဖွဲ့အစည်းများအထိ ကဏ္ဍအားလုံး ပါဝင်ဆောင်ရွက်ကြရန် ယခုနှစ်ဆောင်ပုဒ်မှ တိုက်တွန်းထားကြောင်း သိရသည်။
အထိမ်းအမှတ် အခမ်းအနားတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က အဖွင့်မှာစကား ပြောကြားပြီး ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ်၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပလတ်စတစ်ညစ်ညမ်း မှုတိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည့် သဝဏ် လွှာ ဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) ၏ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေး ဗီဒီယိုများကို ပြသခဲ့သည်။
ဆက်လက်၍ ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဗီဒီယိုပြသခဲ့ရာ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသူများ အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြပြီး ပညာပေးပြခန်းအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)