အမြို့မြို့အနယ်နယ်သတင်းများ

Jun 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်နာနိုင်ရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 05,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာတို့ ပူးပေါင်း၍ စာရေးဆရာမတင်တင်၀င်း (စာပေဗိမာန်)၏အမျိုးသမီးများ ကဏ္ဍဖွံ့ဖြိုးရေး စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂) နာရီက လူထုအခြေပြုဗဟိုဌာန(Community   Centre) ခန်းမတွင် ဆွေးနွေးခဲ့ကြောင်းသိရသည်။
Jun 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးတွင် ဇွန်လ ၅ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်းသိရှိရသည်။
Jun 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ မြို့မဈေးရှေ့တွင် ယနေ့နံနက်ပိုင်းက e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ ကောက်ယူမှတ်ပုံတင်ခြင်းလုပ်ငန်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဖြန်ဝေပေးခဲ့သည်။
Jun 05,2023
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် online မှ အဖြူရောင်အန္တရာယ် သိကောင်းစရာ အသိပညာပေး (Talk Show) ကို ဇွန်လ ၂ ရက်နေ့ နံနက် ၁၀ နာရီက ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။
Jun 05,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ၂၀၂၃ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပွဲတော်ကို ဇွန်လ (၃) ရက်နေ့ နံနက် (၈) နာရီက အောင်စိုးမိုးကျေးရွာ လီဒိုလမ်းမကြီး လမ်းဘေး ဝဲ/ယာ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Jun 05,2023
ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို တာသစ်လမ်း၊ ပင်လုံရပ်ကွက်၌ ဇွန်လ ၅ ရက် နံနက် ၇ နာရီခွဲက ကျင်းပသည်။
Jun 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် (၁၀)နာရီအချိန်က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သိကောင်းစရာ (Talk Show)ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။