အင်္ဂပူ ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ မြို့မဈေးရှေ့တွင် ယနေ့နံနက်ပိုင်းက e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ ကောက်ယူမှတ်ပုံတင်ခြင်းလုပ်ငန်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဖြန်ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ရုံးမှမြို့နယ်ဦးစီးမှူးဦးဇော်နိုင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ပြည်သူများအားဖြန့်ဝေပေးခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်ဦးစီးဌာနမှ ဖြန့်ဝေသည့် လက်ကမ်းစာစောင်တွင် e-ID စနစ်အကြောင်း၊ e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် အဆင့် (၅) ဆင့်၊e-ID စနစ်၏အဓိကရည်ရွယ်ချက် စသည့်အချက်များ၊UID (Unique Identity) နံပါတ်အကြောင်းနှင့် UIDကို ဘယ်လိုလူမျိုးတွေကိုထုတ်ပေးမှာလဲ စသည့်အချက်များပါဝင်ကြောင်းသိရသည်။
မန်းကျော် (ပြန်/ဆက်)