အမြို့မြို့အနယ်နယ်သတင်းများ

Jun 10,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်က ထုတ်ပြန်ကြေငြာခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် (၇၂.၅၅)ရာနှုန်းအထိ အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။
Jun 10,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နေ့နံနက်မှ စတင်၍ထုတ်ပြန်လျက်ရှိရာ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ကပ်ထားကြေညာလျက်ရှိရာ ကော့သောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းစာစစ်ဌာနတွင် ဖြေဆိုသူ(၆၇)ဦးရှိရာ ရိုးရိုး(၃၆)ဦး‎၊ သုံးဘာသာဂုဏ်ထူး(၂)ဦး၊ နှစ်ဘာသာဂုဏ်ထူး(၃)ဦး၊ တစ်ဘာသာဂုဏ်ထူး(၁၁)ဦးဖြင့် စုစုပေါင်း(၅၂)ဦး အောင်မြင်သည်။
Jun 10,2023
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် ဗန်းမော်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ဌေး တို့ပူးပေါင်း၍ ကြေးနန်းရပ်ကွက်ရှိ RC ယာယီ တိမ်းရှောင်စခန်းမှ မံပုံကျေးရွာအုပ်စု၊ ပီမိုးညှင်း ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် မိသားစုဝင်များအတွက် ထောက်ပံ့ကြေး ပေးအပ်ခြင်းကို ဇွန်လ  ၉  ရက် နံနက် ၁၀ နာရီခန့်တွင် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Jun 10,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးနှင့် စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ခဲ့ရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်မှ ကျောင်းသား/ကျောင်းသူ (၃၅၀၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၂၅၉၀) ဦး အောင်မြင်ခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်း (၇၃ ဒဿမ ၈၁) ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
Jun 10,2023
ပညာရေး၀န်ကြီးဌာန အခြေခံပညာဦးစီးဌာနက ၂၀၂၃ ခုနှစ်တက္ကသိုလ်၀င် စာမေးပွဲအောင်စာရင်းများကို တိုင်းဒေသကြီးပြည်နယ် ခရိုင်မြို့နယ်များရှိ ပညာရေးမှူရုံးနှင့် စာစစ်ဌာနအသီးသီးတွင် အချိန်နှင့်တပြေးညီ ကပ်ထားကြေညာထားရာ အောင်စာရင်းများ လာရောက် ကြည့်ရှုနိုင်ကြောင်းသိရသည်။
Jun 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့နံနက်(၅)နာရီအချိန်က ထုတ်ပြန်ခဲ့ကြောင်းသိရှိရသည်။
Jun 09,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ခြင်းကို  ဇွန် ၉ ရက်နံနက် (၆)  နာရီကသပိတ်ကျင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းနှင့် သက်ဆိုင်ရာကျောင်းများ၌ အသီးသီးထုတ်ပြန်ထားကြောင်း သိရသည်။
Jun 09,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန်လ ၉ ရက် နံနက်၆နာရီအချိန်မှစ၍ တစ်နိုင်ငံလုံး ရှိစာစစ်ဌာနများတွင်ထုတ်ပြန်ကြေငြာသကဲ့သို့ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း သင်ပုန်းတွင် ကပ်ထားကြေညာ ပေးထားရာ ကျောင်းသား/သူများ၊မိဘအုပ်ထိန်းသူ များ လာရောက်ကြည့်ရှုသူ များပြား ကြောင်း သိရှိရ သည်။