၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မြစ်ကြီးနားခရိုင်မှ ကျောင်းသား/ကျောင်းသူ (၂၅၉၀)ဦး ဖြေဆိုအောင်မြင်

မြစ်ကြီးနား ဇွန် ၁၀

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးနှင့် စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ခဲ့ရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်မှ ကျောင်းသား/ကျောင်းသူ (၃၅၀၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၂၅၉၀) ဦး အောင်မြင်ခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်း (၇၃ ဒဿမ ၈၁) ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြစ်ကြီးနားမြို့နယ်မှ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၉၀၇)ဦးရှိရာ အောင်မြင်သူ (၂၁၂၃)ဦး၊ ဝိုင်းမော်မြို့နယ်မှ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၅၉၆)ဦး၊ ဖြေဆိုအောင်မြင်သူ (၄၆၉)ဦး၊ အင်ဂျန်းယန်မြို့နယ်မှ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၆)ဦး၊ အောင်မြင်သူ (၂) ဦးရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)