၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထွက်ရှိ

ငါးသိုင်းချောင်း ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့နံနက်(၅)နာရီအချိန်က  ထုတ်ပြန်ခဲ့ကြောင်းသိရှိရသည်။

 ငါးသိုင်းချောင်းမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၅)ခုတွင် ဝင်ရောက်ဖြေဆိုသူ(၁၅၁)ဦးရှိရာအောင်မြင်သူဦးရေ (၁၀၄)ဦးရှိပြီး မြို့အဆင့် အောင်ချက်ရာခိုင်နှုန်း(၆၈.၈၇ %) ရှိကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ငါးသိုင်းချောင်းမြို့မှ (၆)ဘာသာဂုဏ်ထူး ရရှိသူ(၂)ဦး၊ (၅)ဘာသာဂုဏ်ထူး ရရှိသူ(၅)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ(၅)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ(၄)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ(၁၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ (၂၅)ဦးရှိကြောင်း သိရှိရပါသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)