ကျုံပျော်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို (၇၂.၅၅)ရာနှုန်းအထိအောင်မြင်

ကျုံပျော် ‌ဇွန် ၁၀

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်က ထုတ်ပြန်ကြေငြာခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် (၇၂.၅၅)ရာနှုန်းအထိ အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။

အဆိုပါစာမေးပွဲအတွက် ကျုံပျော်မြို့နယ်တွင် စာစစ်ဌာန(၁၀)ခုဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ၊ ကျောင်းသား၊ ကျောင်းသူ (၅၇၂)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၄၁၅)ဦးအောင်မြင်ကာ (၆)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၈)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၆၀)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၈၃)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၈၂)ဦး ၊ စုစုပေါင်းဂုဏ်ထူးရှင်(၂၃၇)ဦး ထွက်ပေါ်ခဲ့ပြီး ဂုဏ်ထူးလုံးရေပေါင်း (၄၈၂)လုံး ရရှိခဲ့ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)