၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကော့သောင်းမြို့နယ်အနေဖြင့် အောင်ချက် (၆၁.၅၇) ရာခိုင်နှုန်းရှိ

ကော့သောင်း ဇွန် ၁၀ 

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယမန်နေ့နံနက်မှ စတင်၍ထုတ်ပြန်လျက်ရှိရာ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ကပ်ထားကြေညာလျက်ရှိရာ ကော့သောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ဖြေဆိုသူ(၆၇)ဦးရှိရာ ရိုးရိုး(၃၆)ဦး၊ သုံးဘာသာဂုဏ်ထူး(၂)ဦး၊ နှစ်ဘာသာဂုဏ်ထူး(၃)ဦး၊ တစ်ဘာသာဂုဏ်ထူး(၁၁)ဦးဖြင့် စုစုပေါင်း(၅၂)ဦး အောင်မြင်သည်။

အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ဖြေဆိုသူ(၁၄၉)ဦးရှိရာ ရိုးရိုး(၆၀)ဦး၊ သုံးဘာသာဂုဏ်ထူး(၃)ဦး၊ နှစ်ဘာသာဂုဏ်ထူး(၅)ဦး၊ တစ်ဘာသာဂုဏ်ထူး(၁၉)ဦးဖြင့် စုစုပေါင်း (၈၇)ဦး အောင်မြင်ခဲ့သည်။ ခမောက်ကြီးစာစစ်ဌာနတွင် ဖြေဆိုသူ(၂၆)ဦးရှိရာ နှစ်ဘာသာဂုဏ်ထူး(၁)ဦး၊ တစ်ဘာသာဂုဏ်ထူး(၅)ဦး၊ ရိုးရိုး(၄)ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့နယ်အနေဖြင့် (ကျောင်းဖြေနှင့်အလွတ်ဖြေ) စာမေးပွဲ ဖြေဆိုသူ(၂၄၂)ဦး ဖြေဆိုကြရာ(၁၄၉)ဦး အောင်မြင်ပြီး မြို့နယ်အနေဖြင့် အောင်ချက် ရာခိုင်နှုန်းမှာ (၆၁.၅၇) ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)