၂၀၂၃ ခုနှစ်တက္ကသိုလ်၀င်စာမေးပွဲတွင် ရေဦးစာစစ်ဌာနမှ ၈၂ ဒသမ ၈၆ ရာခိုင်နှုန်းအောင်မြင်

ရေဦး      ဇွန် ၁၀

ပညာရေး၀န်ကြီးဌာန အခြေခံပညာဦးစီးဌာနက ၂၀၂၃ ခုနှစ်တက္ကသိုလ်၀င် စာမေးပွဲအောင်စာရင်းများကို တိုင်းဒေသကြီးပြည်နယ် ခရိုင်မြို့နယ်များရှိ ပညာရေးမှူရုံးနှင့် စာစစ်ဌာနအသီးသီးတွင် အချိန်နှင့်တပြေးညီ ကပ်ထားကြေညာထားရာ အောင်စာရင်းများ လာရောက် ကြည့်ရှုနိုင်ကြောင်းသိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းအား မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website ဖြစ်သည့် www.myanmarexam.org တွင်လည်း ဇွန်လ ၉ ရက်နေ့ နံနက် ၄ နာရီမှစတင်၍ အသိပေး ထုတ်ပြန်ခဲ့ပြီး ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့်အင်တာနက် အဆက်အသွယ် ကောင်းစွာမရရှိသော  စာစစ်ဌာနများ၏ အောင်စာရင်းများကိုလည်း  မြန်မာ့အသံရေဒီယို အစီအစဉ်မှ ကြေညာပေးလျက်ရှိသည်။

 “ကျွန်မတို့ စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်အနေဖြင့် ၂၀၂၃ ခုနှစ်တက္ကသိုလ်၀င် စာမေးပွဲ ၀င်ရောက်ဖြေဆိုသူ ၃၅ ဦးရှိပြီး အောင်မြင်သူ ၂၉ ဦးရှိကြောင်း၊  အဆိုပါစာမေးပွဲတွင်  (၅)ဘာသာ ဂုဏ်ထူးရှင်တစ်ဦး၊ (၄) ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်သုံးဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၆)ဦး ဖြစ်ပြီး ရိုးရိုးအောင်မြင်သူ ၁၈ ဦးရှိခဲ့ကြောင်း၊ အောင်ချက်အနေဖြင့် ၈၂ ဒသမ ၈၆ ရာခိုင်နှုန်းဖြင့်အောင်မြင်ခဲ့ကြောင်း  မြို့နယ်ပညာရေးမှူးကပြောသည်။

သန်းသန်း (ရေဦး)