ခန္တီး ဇွန် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စားနပ်ရိက္ခာဖူလုံရေးအတွက် ယာစပါးမျိုးများအား ပြည်ထောင်စုအစီအစဉ်ဖြင့် ခန္တီးမြို့နယ်တွင်မျိုးပွားပြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသို့ ပြန်လည်ဖြန့်ဖြူးရန် ရည်ရွယ်၍ ခန္တီးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား ယာစပါးမျိုးများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က ခရိုင်စိုက်ပျိုးရေးဉီးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဉီးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဉီးစီးမှူး ဦးအောင်ကြည်ဝင်းက အဖွင့် အမှာစကားပြောကြားကာ ခရိုင်စိုက်ပျိုးရေးဉီးစီးမှူး ဉီးနိုင်မော်လွင်က ယာစပါးမျိုးစေ့များ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဉီးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဉီးစီးမှူး ဉီးအောင်ကြည်ဝင်းက ယာစပါးမျိုးစေ့များဖြစ်သော ခေါက်ဖီဖန်၊ ခေါ်ပဲ၊ မုဆိုးမ ကြွေးကြေနှင့် ကုန်းမြင့်-၂ စပါးမျိုးများကို တက်ရောက်လာသော တောင်သူများ အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဉီးစီးမှူး ဒေါ်စုစုခိုင်က ခေါက်ဖီဖန်၊ ခေါ်ပဲ၊ မုဆိုးမကြွေးကြေနှင့် ကုန်းမြင့်-၂ ယာစပါးမျိုးများ၏ အရည်အချင်း လက္ခဏာများ၊ စိုက်ပျိုးနည်းစနစ်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား တောင်သူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဉီးစီးမှူးရုံးမှ ဉီးစီးအရာရှိ ဒေါ်ကြည်ကြည်ရွှေက စိုက်ပျိုးရေးဉီးစီးဌာနမှ ထုတ်ဝေသည့် ယာစပါးမျိုးများ၏ အရည်အချင်းနှင့် လက္ခဏာများ လက်ကမ်း စာစောင်အား တက်ရောက်လာသော တောင်သူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)