ခန္တီးမြို့တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်ကျင်းပ

ခန္တီး ဇွန် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် သစ်တောဉီးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရန်၊ ရာသီဉတုကောင်းမွန်မျှတစေရန်၊ သစ်တောသစ်ပင်များ ချစ်မြတ်နိုးစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ယနေ့ နံနက် ၈ နာရီ ၃၀ အချိန်က တပ်ဦးနန္ဒဝန် ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပွဲတော်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးအောင်စိုးမိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးဇော်မောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သန်းဇော်ထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးသက်ဉီးဆွေနှင့် မြို့နယ်သစ်တောဉီးစီးမှူး ဉီးမျိုးသန့်တို့က ပျိုးပင်များ ပေးအပ်ရာ ဌာနဆိုင်ရာများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က အသီးသီးလက်ခံရယူခဲ့ကြသည်။

ထို့နောက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသင်း အဖွဲ့များ၊ ဆရာ/ဆရာမများ၊ ဒေသခံပြည်သူများက ကျွန်း၊ မန်ဂျန်၊ မဲဇလီ၊ မျောက်ငိုနှင့် စိန်ပန်းပင်များ စုစုပေါင်း ပျိုးပင် ၅၀၀ အား စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)