လားရှိုး ဇွန် ၁၅
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ၂၀၂၃ ခုနှစ် တိုင်းမှူးဒိုင်းပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက တိုင်းစစ်ဌာနချုပ် မိုးလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ လားရှိုးတပ်နယ်မှ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိစစ်သည်များ၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစား ဝါသနာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး ပထမနေ့ ပွဲစဉ်များဖြစ်သည့် ပိုက်ကျော်ခြင်း (၃)ယောက် တွဲပြိုင်ပွဲတွင် လားရှိုးတပ်နယ် (က)အသင်းနှင့် (ခ)အသင်း၊ (၂)ယောက်တွဲပြိုင်ပွဲတွင် လားရှိုးတပ်နယ်(က)အသင်းနှင့် တောင်ခမ်းတပ်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှု အားပေးသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း (၁၂) သင်းဖြင့် အုပ်စု (၄)စုခွဲကာ အားကစားသမား (၉၆)ယောက်ဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကာလမှာ ဇွန် ၂၁ ရက်နေ့ထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)