ချောင်းသာ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ချောင်းသာမြို့ တိုက်နယ်ကျန်းမာရေးဌာနက ဦးဆောင်ပြုလုပ်သည့် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီက (အ.လ.က)ချောင်းသာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် တိုက်နယ်ကျန်းမာရေးဌာနမှ (ကျန်းမာရေးကြီးကြပ် - ၁) ဦးထွန်းအောင်ကိုနှင့် ကျန်းမာရေး ဝန်ထမ်းများက မိုးရာသီတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများအကြောင်းကို လိုက်နာသတိပြုဖွယ်နှင့် ဆောင်ရန်ရှောင်ရန်အချက်များကို ဆွေးနွေး ဟောပြောခဲ့ကြသည်။
ထို့နောက် (အ.လ.က)ချောင်းသာမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့် ဆွေးနွေးမေးမြန်းမှုများကို တိုက်နယ်ကျန်းမာရေးဌာန ဝန်ထမ်းများက ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)