မိုင်းယုမြို့၌ လူငယ်နှင့် မူးယစ်ဆေးဝါးအသိပညာပေး (Talk Show )ဆွေးနွေး

မိုင်းယု ဇွန်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် “လူငယ်နှင့်မူးယစ်ဆေးဝါး”ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအားချာ၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောင်ကျောက်နှင့် ရုပ်သံကျွမ်းကျင်-၃ ဦးနေဝင်းတို့က ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါး တို့ရှောင်ရှား၊ အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒများ၊ ဘိန်းအစားထိုး စိုက်ပျိုးရမည့် အစေ့ထုတ်ပြောင်းများ အကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းအရင်းများ၊ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်မှုများ၊ မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေး အသွင်တိုက်ဖျက်နှင့် မူးယစ်ကိုပစ် ပန်းတိုင်သစ် စိတ်သစ်လူသစ် ဘဝသစ်စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

ယနေ့ခေတ် အနာဂတ်မျိုးဆက်သစ်လူငယ်များ အပျော်အပါးနောက်လိုက်ကာ အညွှန့် တလူလူဖြင့် ဆက်လက်ထွန်းတောက်နေချိန် လမ်းမှားသို့ မရောက်မိစေရေးအတွက် မိဘအုပ်ထိန်းသူနှင့် တာဝန်ရှိသူများက လမ်းမှန်နည်းမှန်များ တည့်မက်ဆောင်ရွက်ပေးရမည့် တာဝန်ဖြင့်၍ ယင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ပေး ရခြင်းဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်