Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မန့်ဟီးရိုးမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/သူများနှင့် စာဖတ်ဝိုင်း ကျင်းပ
Jun 17,2023
ကျောင်းသား/သူများ စာဖတ်ရှိန် ပိုမိုတိုးတက်မြင့်မားလာစေရန်၊ ကျောင်းစာအပြင် အထွေထွေ ဗဟုသုတများ တိုးတက်မြင့်မားလာစေရေး၊ စာဖတ်ချင်စိတ် တိုးတက်လာစေရေးနှင့် စာပေနှင့် ရင်းနှီးထိတွေ့မှု များပြားလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများနှင့် ယမန်နေ့နေ့လည် (၁:၀၀)အချိန်က စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ မေတ္တာရင်ခွင်စာကြည့်တိုက်အတွက် Succar Foundation နှင့် Unicef တို့ ပူးပေါင်းပြီး ကွန်ပျူတာ ၊ Printer နှင့် စပ်ဆက်ပစ္စည်…
Jun 17,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ၌ ဖွင့်လှစ်ထားရှိသည့် မေတ္တာရင်ခွင် စာကြည့်တိုက်အတွက် စာကြည့်တိုက်လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယမန်နေ့က Succar Foundation နှင့် Unicef တို့ ပူးပေါင်းပြီး ကွန်ပျူတာ ၊ Printer နှင့် စပ်ဆက်ပစ္စည်းများ လာရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံးကိုးမြို့တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များ လက်ဝယ်အရောက် သွားရောက် ငှားရမ်းပေးခြင်းများ ဆောင်ရွက်
Jun 17,2023
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များ လက်ဝယ်အရောက် သွားရောက် ငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ မုံးကိုးမြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့နံနက်(၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ မြစ်ကြီးနားမြို့တွင်း မိန်းလမ်းမများနှင့် အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်…
Jun 17,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ပြည်နယ်၏ မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီ ခေတ်မီပြီး စနစ်ကျသည့် မြို့ပြစနစ်တစ်ခုဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် မြို့တွင်းမိန်းလမ်းများနှင့် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာန၌ Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ
Jun 17,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်သူများနှင့် Youth Club အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ သုတေသီဘုန်းမြင့်သွေး၏ “လူတောတိုးဖို့လူရာဝင်ဖို့’’စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူ အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချ
Jun 17,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဇွန်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့မဈေးကြီး သီရိဥဿာဈေးရုံကြီးရှေ့၌ ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူ အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်၊ အမှတ်(၉) အခြေခံပညာမူလွန်ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Jun 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အ.မ.က(၉)မူလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြေလွတ်၊ မြေလပ်၊ မြေရိုင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုမိန့်ရရှိပြီးသော စိုက်ပျိုးရေးလုပ်ငန်းနှင့် အခြားလုပ်ခွင့်ပြုဧရိယာများ သတ်မှတ်သည့်နည်းလမ်းအတို…
Jun 17,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ပိုင်ခွင့်နှင့်အသုံးပြုခွင့် ခွင့်ပြုမိန့်ရရှိပြီးသော စိုက်ပျိုးရေးလုပ်ငန်းဧရိယာနှင့်အခြား လုပ်ခွင့်ပြုဧရိယာများ သတ်မှတ်နည်းလမ်းအတိုင်း စိုက်ပျိုးလုပ်ကိုင်မှုရှိ/မရှိကို ယမန်နေ့ ညနေပိုင်းက သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနများမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10959
Page
10960
Page
10961
Page
10962
Current page
10963
Page
10964
Page
10965
Page
10966
Page
10967
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department