ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာန၌ Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

ကော့ကရိတ် ဇွန် ၁၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်သူများနှင့် Youth Club အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ သုတေသီဘုန်းမြင့်သွေး၏ “လူတောတိုးဖို့လူရာဝင်ဖို့’’စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းမြတ်သော်က စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊  စာပေမှရရှိသည့်အသိပညာဗဟုသုတများ အပြန်အလှန် ဆွေးနွေးစေရေးရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးရာ စာရေးဆရာသုတေသီဘုန်းမြင့်သွေး၏ “လူတောတိုးဖို့ လူရာဝင်ဖို့” စာအုပ်ထဲမှ ဘဝကိုတန်ဖိုးရှိအောင် နေထိုင်သူမှန်သမျှ ရှက်သင့်တာကိုရှက်သူ၊ ကြောက်သင့်တာကို ကြောက်သူတွေပါပဲ၊ အရှက်အကြောက်သူနေရာနဲ့ သူရှက်ကြောက်သင့်ကြောင်း စသဖြင့် “လူရာဝင်တဲ့အရှက်အကြောက်’’  ခေါင်းစဥ်အား Youth Club အဖွဲ့ဝင်များဖြစ်ကြသည့် မမြသိင်္ဂချိုကလည်းကောင်း၊ ဘယ်ဘာသာဖြစ်ဖြစ် ယဥ်ကျေးအောင် ဆုံးမစွမ်းအင်ရှိကြတယ်ဆိုသည့် “ဘာသာတရားကိုင်းရှိုင်းရင် လူရာဝင်တယ်’’ခေါင်းစဥ်ပါအကြောင်းအရာတို့ကို မမီကိုလွင်တို့ကလည်းကောင်း ဆွေးနွေး ပြောကြားကြပြီး တက်ရောက်လာကြသော စာအုပ်စာစောင်ချစ်မြတ်နိုးသူ အဖွဲ့ဝင်များ မှလည်း   အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲကို ကေ့ာကရိတ်ခရိုင် ပြန်ဆက်ဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်မားစေရေးအတွက် စာပေချစ်သူများနှင့် လစဥ်စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)