Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပင်းတယမြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး မြို့နယ် စည်ပင်သာယာရေးဌာနမှ စဉ်ဆက်မပြတ်ဆောင်ရွက်
Jun 19,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်သည် ဘုရားတန်ခိုးကြီး စေတီပုထိုးများ၊ အထင်ကရနေရာများ ပေါများရာ ဒေသဖြစ်ပြီး ပြည်တွင်း/ပြည်ပမှ လာရောက်လည်ပတ်သူများဖြင့် စည်ကားရာမြို့တစ်မြို့ဖြစ်သည့်အတွက် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး အတွက် မြို့တွင်းလမ်းဘေးဝဲယာ တစ်လျှောက်နှင့် မြို့မဈေးအတွင်း/အပြင်၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးဌာန ဝန်ထမ်းများမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မာန်အောင်မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ လျှပ်စစ်မီး မရရှိသည့် ကျေးရွာ ၉ ရွာနှင့် ဆေးပေးခန်း၊ စာကြည့်တိုက်၊ ဘုန်းကြီးကျောင်းများသို့ အိမ်သုံးဆိုလာ (၅၀၀)စ…
Jun 19,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လျှပ်စစ်မီး မရရှိသည့် ကျေးရွာ(၉)ရွာနှင့် ဆေးပေးခန်း၊ စာကြည့်တိုက်၊ ဘုန်းကြီးကျောင်းများသို့ အိမ်သုံး ဆိုလာ W50 (၅၀၀) စုံ ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အ.လ.က(၁)ကမာရွတ်တွင် ကျောင်းသားကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ် သိရှိနိုင်စေရန် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Jun 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှူနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်ကြောင့် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးမှုမရှိစေရန်”မူးယစ်ဆေးဝါးဒို့ရှောင်ရှား”ခေါင်းစဉ်ဖြင့် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့ရှိ ပြည်သူ့စာကြည့်တိုက်၌ စာအုပ်၊စာပေလာရောက်ငှားရမ်းသူ ကျောင်းသားလူငယ်များနှင့်စည်ကား
Jun 19,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိပြည်သူ့စာကြည့်တိုက်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်၍ စာငှား/ စာဖတ် လာရောက်ကြသည့် ကျောင်းသား/ ကျောင်းသူများဖြင့် စည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲ…
Jun 19,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အမှတ်(၃)အခြေခံပညာမူလတန်း(မူလွန်)ကျောင်း၌ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်တွင် မိုးရာသီတောင်သူများအားနည်းပညာပေးရက်တိုသင်တန်းဖွင့်လှစ်
Jun 19,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက မိုးရာသီတောင်သူများအား စိုက်ပျိုးရေးနည်းပညာများကို လိုက်နာကျင့်သုံးလာစေရန်နှင့် တောင်သူ အချင်းချင်းစိုက်ပျိုးရေးနည်းပညာများကို ဖလှယ်တတ်လာစေရန်ရည်ရွယ်၍ မိုးရာသီတောင်သူများအား နည်းပညာပေးရက်တိုသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့တွင် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Jun 19,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်း ကျောင်းမှကြီးမှူးဖွင့်လှစ်သည့် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီအချိန်က ခိုမုန်းကျေးရွာအုပ်စု၊ တောင်နောက်ကျေးရွာ ဘုန်းတော် ကြီးကျောင်းအတွင်း ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်ပေါ် ဌာနဆိုင်ရာရုံးများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်
Jun 19,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ဌာနဆိုင်ရာရုံးများတွင် အသီးသီးဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10942
Page
10943
Page
10944
Page
10945
Current page
10946
Page
10947
Page
10948
Page
10949
Page
10950
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department