Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းများတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Jun 20,2023
၂၀၂၃ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့်တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်၃၈ မူးယစ်တပ်ဖွဲ့စု(မော်လမြိုင်)၊ မြို့နယ်မူးယစ်ဆန့်ကျင်ရေးအသင်းတို့ပူးပေါင်း၍ ယမန်နေ့က အမှတ်(၁၀) နှင့်အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ် စိန်ရတနာပရိယတ္တိစာသင်တိုက်နှင့် တိပိဋက ကမ္ဘောဇဘုန်းတော်ကြီးကျောင်းတို့တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster dose) ဆက်လက်ထိုးနှံ…
Jun 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကာကွယ်ဆေးထိုးအကြိမ်ရေ ပြည့်မီစေရေးတို့အတွက် ရဟန်း၊ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စိန်ရတနာပရိယတ္တိစာသင်တိုက်နှင့် တိပိဋက ကမ္ဘောဇဘုန်းတော်ကြီးကျောင်းတို့တွင် ကျန်းမာရေးဝန်ထမ်းများက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းတော်မြို့တွင် မိုးရာသီ သစ်ပင်များ စုပေါင်းစိုက်ပျိုး
Jun 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့တွင် မိုးရာသီသစ်ပင်များ စုပေါင်းစိုက်ပျိုးခြင်းကို ဇွန်လ ၁၅ ရက်နေ့ နံနက် ၇ နာရီအချိန်က အင်းတော်မြို့ မြို့မပရိယတ္တိ စာသင်တိုက်ကျောင်းဝင်းအတွင်း အင်းတော် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူ ကျောင်းသားကျောင်းသူ…
Jun 20,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် ၂နာရီက ဇွန်လ ၁၆ ရက်နေ့က ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများတွင် ဆုရရှိသူကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့နယ် မြို့သစ်(ခ)အ.မ.က ကျောင်းအပ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပ
Jun 20,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၆)မင်းတဲရပ်ကွက်၊ မြို့သစ်(ခ) ကိုယ့်အားကိုယ်ကိုး အ.မ.ကကျောင်းအပ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော
Jun 20,2023
တံတားဦးခရိုင် တံတားဦးမြို့နယ်၌ မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပွားရေးတို့အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် အခြေခံပညာဦးစီးဌာနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယနေနံနက်(၉)နာရီက တံတားဦးမြို့ အခြေခံပညာ အထက်တန်းကျောင်း ရတနာထွန်းခန်းမတွင် ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 20,2023
လူငယ်များ မူးယစ်ဆေးဝါး၏ ဆိုးကျိုးကို သိရှိရှောင်ရှားနိုင်စေရန်အတွက် ကျောင်းသား လူငယ်များထံသို့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့ နံနက်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အမှတ်စဉ် (၁/၂၀၂၃၊ ၂၀၂၄) ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် ပို…
Jun 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ အမှတ်(၁၇) စက်မှုလယ်ယာစခန်း၌ အမှတ်စဉ် (၁/၂၀၂၃၊ ၂၀၂၄) ရိတ်သိမ်စခြွေလှေ့စက် မောင်းနှင်ပြုပြင် ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10940
Page
10941
Page
10942
Page
10943
Current page
10944
Page
10945
Page
10946
Page
10947
Page
10948
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department