အမြို့မြို့အနယ်နယ်သတင်းများ

Jun 20,2023
ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ပစွည်းများ သဘာဝဘေးအပါအဝင် အမျိုးမျိုးသော ဘေးအန္တရာယ်များမှ   ကင်းလွတ်စေရေး   အသိပညာပေးဆောင်ရွက်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာ လျှင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး လေ့ကျင့်မှုများကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်း‌ဒေသကြီး၊  စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာန စခန်းရုံးတွင် ပြုလုပ်ခဲ့သည်။
Jun 20,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၊ ပြည်လမ်း၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍
Jun 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံစားသောက်ကုန်များကို သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်‌ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ စားသုံသူရေးရာဦးစီးဌာနရုံးရှေ့၌ ရောင်းချပေးခဲ့သည်။
Jun 20,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် မောင်းတိုင် (၂) ရပ်ကွက်ရှိ မင်္ဂလာလမ်းအား ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း     ဆောင်ရွက်လျှက်ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jun 20,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
Jun 20,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးနိုင်ရေး ယမန်နေ့က ရွာမွန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အသိပညာဆွေးနွေးခဲ့ကြောင်း သိရသည်။
Jun 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 20,2023
ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်၊ ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ နားခဲကျေးရွာအခြေခံပညာ မူလတန်းကျောင်းသို့ ယနေ့နံနက် (၉)နာရီက စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။