ကျောက်မဲမြို့တွင် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ကျောက်မဲ ဇွန် ၁၉

ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်း ကျောင်းမှကြီးမှူးဖွင့်လှစ်သည့် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီအချိန်က ခိုမုန်း‌ကျေးရွာအုပ်စု၊ တောင်နောက်ကျေးရွာ ဘုန်းတော် ကြီးကျောင်းအတွင်း ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ကျောက်မဲမြို့ ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက သင်တန်းသား/သူများအား  သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်က သင်တန်းသား/သူများအား သင်တန်းမှ ထွက်ရှိသော ကုန်ချောပစ္စည်းများ ပေးအပ်ခဲ့ကာ သင်တန်းသား/သူများ ကိုယ်စား သင်တန်းသူ(၁)ဦးက ကျေး ဇူးတင်စကား ပြောကြားခဲ့သည်။

ဒေသခံပြည်သူများ တပိုင်တနိုင် အိမ်တွင်းမှုလုပ်ငန်းများလုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေများ ရရှိစေရန်ရည်ရွယ်၍ အဆိုပါသင်တန်းတွင်  ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊  ဆပ်ပြာခဲနှင့် လက်သန့်ဆေးရည် ပြုလုပ်နည်း အဆင့်ဆင့်ကို  စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ ရာခိုင်နှုန်း ဖြင့် ၅ ရက်ကြာ အခမဲ့  သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊  အဆိုပါသင်တန်းသို့ ‌ခိုမုန်းကျေးရွာ အုပ်စုမှ ဒေသခံပြည်သူ ၂၀ ဦးတက်ရောက်သင်ကြားခဲ့ကြောင်း  သိရသည်။

မိုင်းထွန်း (ပြန်/ဆက်)