ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည်ရှု

ဘူးသီးတောင် ဇွန် ၂၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယ ဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၉) နာရီခွဲ အချိန်က ဘူးသီးတောင်မြို့ အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.ကခွဲ၊ အ.လ.က(၃)ကျောင်း၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ အမှတ်(၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပြည်သူလူထုများ ပူးပေါင်း၍ စုစုပေါင်းအင်အား( ၇၈)ဦးဖြင့် ကျောင်းသား/ကျောင်းများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး၊ အမှိုက်များ ရှင်းလင်းခြင်း၊ ခြုံနွယ်/ ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေစီး/ရေလာ ကောင်းမွန်စေရေး Backhole(၁)စီးဖြင့် ရေမြောင်းများ တူးဖော်ခြင်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ မိုခါမုန်တိုင်းကြောင့် မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့မှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသော နယ်မြေအလိုက် အဖွဲ့ခေါင်းဆောင် (၈)ဦးနှင့် တွေ့ဆုံပြီး နယ်မြေအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းစသည့် လုပ်ငန်းလုပ်ကိုင်သူများကို စရိတ်မျှပေးစနစ်(သို့မဟုတ်) အတိုးနှုန်း သက်သာသော ချေးငွေစနစ်တို့နှင့် ဆောင်ရွက်ပေးနိုင်ရေး၊ လယ်ယာလုပ်ငန်းသုံးထွန်စက်များ လိုအပ်မှုများ၊ သွင်းအားစုမျိုးစပါး လိုအပ်မှုများအား စာရင်းဇယား ကောက်ယူဆောင်ရွက်နိုင်ရန် လမ်းညွှန်မှာကြားပြီး Cyclone shelterများလက်ရှိ ဆောက်လုပ်ထားရှိမှုနှင့် ဘူးသီးတောင်-ရသေ့တောင် ရေလမ်းကြောင်းနှင့် ကုန်းတွင်းလမ်းမကြီးဘေးကျေးရွာများတွင် Cyclone shelterများ ထပ်မံဆောက်လုပ်ရန် မြေနေရာ ရွေးချယ်ပြီး တင်ပြကြရန် လမ်းညွှန်မှာကြားကာ အဖွဲ့ခေါင်းဆောင် (၈)ဦးတို့မှ လိုအပ်သည်များကို တင်ပြကြရာ တင်ပြချက်များအပေါ် တာဝန်ရှိသူများ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုနောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်အတူ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများသည် နေ့လည်ပိုင်းတွင် မြို့သစ်ရပ်ကွက်ရှိ ဦးဥတ္တမ ခန်းမ၌ မိုခါမုန်တိုင်းကြောင့် လေဘေးသင့် ကျေးရွာများဖြစ်သော ခြင်းသမား ကျေးရွာအုပ်စု၊ ရွက်ညိုတောင်ကျေးရွာအုပ်စု ဖုံညိုလိပ်ကျေးရွာအုပ်စု၊ ဖရုံချောင်းကျေးရွာအုပ်စု၊ သိမ်တောင်ပြင်ကျေးရွာအုပ်စု၊ ဝရကျွန်းကျေးရွာအုပ်စုနှင့် လက်ဝဲဒက်ပုဇွန်ချောင်းကျေးရွာအုပ်စု၊ စုစုပေါင်း ကျေးရွာအုပ်စု (၇)အုပ်စုမှ ဒေသခံပြည်သူများနှင့် ကျေးရွာကိုယ်စားလှယ်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး လေဘေးသင့် ပြည်သူများ လက်ဝယ်သို့ အမှန်တကယ် ရောက်ရှိစေရေး စနစ်တကျ ဖြန့်ဝေနိုင်ရေးနှင့် ထောက်ပံ့ပစ္စည်းများ ဖြန့်ခွဲရေး ကော်မတီဝင်များအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)