ငါ့သရောက်မြို့ ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့တွင် မိုးဦးကာလတွင် စတင်စိုက်ပျိုးထားသော ပိုက်ဆံလျှော်သီးနှံ သစ်စိမ်းမြေသြဇာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဒုတိယဦးစီးမှူး ဦးမျိုးထက်ထံမှ သိရသည်။
အဆိုပါ ပိုက်ဆံလျှော် သီးနှံသစ်စိမ်းမြေသြဇာ ထည့်သွန်းပေးခြင်းဖြင့် သီးနှံစိုက်ပျိုးမြေများထဲသို့ သစ်ဆွေးဓာတ် မြေပြန်၍ လည်ပတ်စေပြီး မြေဆီလွှာ၏ ဖွဲ့စည်းပုံ ကောင်းလာစေရန်၊ သစ်စိမ်းမြေသြဇာအဖြစ် စိုက်ပျိုးသော ပဲမျိုးရင်းဝင်အပင်၏ (Nitrogen Fixation) အစွမ်းကြောင့် မြေဆီလွှာတွင် နိုက်ထရိုဂျင် အဟာရ ဓာတ်တိုးပွားလာစေရန်၊ သစ်ဆွေးဓာတ်များမှ အဟာရ ဓာတ်များ ထောက်ပံ့ပေးခြင်း၊ ထိန်းသိမ်းပေးခြင်းဖြင့် ဓာမြေသြဇာသုံးစွဲမှု လျှော့ချနိုင်ရန်၊ ဆောင်ရွက်ရန် လွယ်ကူပြီး အကျိုးများသော နည်းစနစ်ဖြစ်သောကြောင့် တောင်သူများ သိရှိရန်၊ မြေဆီလွှာ၏ ထုတ်လုပ်မှုစွမ်းအား တိုးတက်ကောင်းမွန်လာပြီး ရေးရှည်တည်တံ့သော စိုက်ပျိုးရေးကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ပြီး ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ တောပြားကျေးရွာအုပ်စုနှင့် ဆည်ကျေးရွားအုပ်စုရှိ တောင်သူများအား စည်းရုံးပြီး ၂၀၂၃-၂၀၂၄ မိုးရာသီးတွင် စိုက်ပျိုးဧက (၁၇)ဧက စိုက်ပျိုးခဲ့ကြောင်းသိရသည်။ ပိုက်ဆံလျှော်သီးနှံ သစ်စိမ်းမြေသြဇာ စိုက်ပျိုးပြီး (၄၀-၄၅) ရက်သားဝန်းကျင် ဇွန်လ တတိယအပါတ်တွင် ထယ်ထိုး မြေမြုပ်မည်ဖြစ်ပြီး နောက်သီးနှံ မိုလယ်မြေပဲ (စကမြေပဲ) သီးနှံအား ဇူလိုင်လ တတိယအပါတ် စိုက်မိုးရချိန်တွင် ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
P.W.A(ပြန်/ဆက်)