သံဖြူဇရပ် ဇွန် ၂၀
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ် အ.ထ.က(၁)နှင့်အ.ထ.က(၂) ကျောင်းတို့၌ ဖြန့်ဝေပေးခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိဒေါ်အေးအေးသီက ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်သည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ပျက်သုံးနိုင်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများပါ ပါဝင်ပူးပေါင်းပြီး ဝိုင်းဝန်းတိုက်ဖျက်ကြရမည်ဖြစ်ကြောင်းပြောကြားပြီး သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေသည်။
လက်ကမ်းစာစောင်တွင် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းရင်း၊ မူးယစ်ဆေးဝါးတို့ရှောင်ရှား၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်စသည့် အကြောင်းအရာများကိုထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
အဆိုပါ ဦးစီးဌာနရုံးချုပ်မှထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကျောင်းသား/သူများ လက်ဝယ်အရောက်အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)