အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ဆေးရုံဟောင်း အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၉)နာရီက မြန်မာနိုင်ငံအတက်ရောဂါ စီမံချက်အကြောင်း အသိပေးရှင်းလင်း ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌  ယာဉ်စည်းကမ်းလမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကို  ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။
Jun 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများကို ယနေ့ နံနက်(၆)နာရီအချိန်က စတင်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
Jun 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ “တိရစ္ဆာန် အစာစိုက်ပျိုးခြင်း ရက်သတ္တပတ် လှုပ်ရှားမှု” အထိမ်းအမှတ် သရုပ်ပြနေဗီယာ မြက်စိုက်ပျိုးခြင်းကို ယန်းခအုပ်စု၊ (၂၁)မိုင် ကျေးရွာတွင် ဇွန်လ ၂၁ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 21,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ Mobile Library ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jun 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာန တို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစို​ပြေစေရေး၊ အပူဒဏ်ကာကွယ်နိုင်စေရေး၊ ရာသီဥတုကောင်းမွန်မျှတလာစေရေး၊ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့အား ကြိုဆို သောအားဖြင့် "ဘုရားကျောင်းကန် စေတီရံလည်း သစ်ပင်ရှိမှပနံရလိမ့်" ဟူသော ဆောင်ပုဒ်နှင့် အညီ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၈)နာရီအချိန်က အဆိုပါဘုရား​ကြီးဝန်းအတွင်း သစ်ပင်စိုက်ပျိုးကြသည်။
Jun 21,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲပိုင်းက တောင်ငူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များတွင် အမိုနီယမ်နိုက်ထရိတ်ပါဝင်သည့် ဓာတ်မြေသြဇာများ ရောင်းချမှု ရှိ၊ မရှိအား စစ်ဆေးခဲ့သည်။