Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ညောင်ဦးမြို့နယ် စိုက်ပျိုးရေး သုတေသနခြံမှ ထွက်ရှိသည့် G-99 မြေပဲမျိုးသည် ဒေသမ ရွေးစိုက်ပျိုးနိုင်သည့်အတွက် တောင်သူများအကြိုက် မြေပဲမျိုး ဖြစ်နေ
Jun 21,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် အဓိက ဆီထွက်သီးနှံဖြစ်သော ပင်ထောင်၊ ပင်ပြန့်မြေပဲမျိုး နှစ်မျိုး စိုက်ပျိုးလျက်ရှိကြရာ ယခုနှစ်မိုးရာသီတွင် ပင်ပြန့်မြေပဲများသာ အများဆုံး စိုက်ပျိုးကြပြီး မိုးလယ်တွင် ပင်ထောင်မြေပဲမျိုးသာ စိုက်ပျိုးကြကြောင်း ညောင်ဦးမြို့နယ်တွင် စိုက်ပျိုးသည့် မြေပဲမျိုးများဖြစ်သော ကျောင်းကုန်းမျိုးနှင့် မြန်မာပင် ပြန့်မျိုးများသည် အထွက်နှုန်း ကောင်းရုံသာမက အပင်နွယ်များလည်း ကြီးမားကာ နွားစာ အတွက် သိုလှောင်ကျွေးမွေးကြကြောင်းလည်း သိရသည်။ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ အစီအစဉ်ဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် (၁၁၄)ဧက၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင်(၈၀)ဧ က ၊၂၀၂၃-၂၀၂၄ ခုနှစ်တွင် (၂၀၅)ဧကကို ညောင်ဦးဒေသတွင်သာမက မြန်မာပြည်အရပ်ရပ်သို့ မျိုးကောင်းမျိုး သန့်ပွားများ စိုက်ပျိုးနိုင်ရေးအတွက် ဖြန့်ဖြူးပေးနိုင်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်
Jun 21,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ဇီဝဆိုင်ရာ အချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီကစတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဇော်နှင့် ဝန်ထမ်းများက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံခရိုင် Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲပြုလု…
Jun 21,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံး ပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့၊ မူလွန်ကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ
Jun 21,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကျောင်းသား၊ကျောင်းသူများ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မူလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့၌ ပလတ်စတစ် ညစ်ညမ်းမှု၏ ဆိုးကျိုးများအကြောင်း အသိပညာပေး Talk show ဆွေးနွေးပွဲ ကျင်းပ
Jun 21,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ပလတ်စတစ်ညစ်ညမ်းမှု၏ ဆိုးကျိုးများအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက မမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး
Jun 21,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို နတ်တလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၉နာရီကပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ်၌ စာပေချစ်သူများအသင်းမှ “အလုပ်ဆိုတာ အင်အားပါ” စာဖတ်ဝိုင်း ကျင်းပ
Jun 21,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် Community Centre ခန်းမတွင် စာပေချစ်သူများအသင်းမှ“ အလုပ်ဆိုတာ အင်အားပါ” စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ
Jun 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဇွန်လ ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်အား ယနေ့နံနက်ပိုင်းက မြို့ဝင်မုခ်ဦး၌ ဖြန့်ဝေပေးသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10708
Page
10709
Page
10710
Page
10711
Current page
10712
Page
10713
Page
10714
Page
10715
Page
10716
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department