အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ မှန်တန်းရပ်ကွက်၊ မှန်တန်းအခြေခံပညာ အလယ်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီက ပညာရေးဌာနနှင့် ပူးပေါင်းပြီး ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 21,2023
ရန်ကုန်တိုင်းဒေသကြီး၊‌ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌  ယနေ့နံနက်(၉:၃၀) နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်‌ဆောင်ရွက်ခဲ့ပါသည်။
Jun 21,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက "လူငယ်နှင့်ကိုယ်ကျင့်တရား"ခေါင်းစဥ်ဖြင့် အသိပညာပေး(Talk Show)ကိုပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 21,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းလုပ်များဖြစ်သည့် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်စသည့်လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အများပြည်သူနေအိမ်များသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
Jun 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့ နံနက် (၉) နာရီကစတင်၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jun 21,2023
တနင်္သာရီတိုင်းဒေသကြီး၊ ၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆)ရက် နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ် မှု တိုက်ဖျက်ရေးနေ့ အထိမ်အမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အများပြည်သူနှင့် ကျောင်းသားကျောင်းသူများအား အသိပညာပေး နံရံကပ်ဓာတ်ပုံနှင့် စာအုပ် စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်တွင် အသိပညာပေး ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 21,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံတွင်  မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (အခမဲ့)ကျန်းမာရေး စောင့်ရှောက်မှုများကို ယနေ့နံနက်ပိုင်းမှစတင်ကာ ပြုလုပ်ပေးလျက်ကြောင်း သိရသည်။
Jun 21,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မိုးရာသီကာလရောက်ပြီဖြစ်၍ ဒေသနေတောင်သူအများစုသည် မိုးစပါးစိုက်ပျိုးနိုင်ရန်အတွက် လယ်ယာလုပ်ငန်းခွင်များသို့ ဝင်ရောက်ပြီး ပျိုးပင်များပျိုး ထောင်ထားပြီဖြစ်ကြောင်း သိရသည်။