ပလောက်မြို့၊ မူလွန်ကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

ပလောက် ဇွန် ၂၁

တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကျောင်းသား၊ကျောင်းသူများ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိ‌စေရန် ရည်ရွယ်၍  အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မူလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဖြင့် ပြည်သူလူထုများ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးကို လုံးဝရှောင်ကြဉ်ရန်၊ မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမိပါက ဖြစ်တတ်‌သော ရောဂါလက္ခဏာများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်းကို ရှင်းလင်း‌‌ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်